ဆားလင်းကြီးရှိ ရဲစခန်းနှင့် ထွေ/အုပ်ရုံး၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင် အား ၈၀ ခန့် တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံး တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ နှင့် ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်း ဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ စုံစမ်းနေတုန်းပါ။ မနေ့က စခန်းထဲကတော့ ကျပြီး ပေါက်ကွဲတယ်လို့တော့ ပြောတယ်။ အသေး စိတ်ကိုတော့ မသိရသေးဘူး။ မနေ့က ကျွန်တော်တို့ သုံးဖွဲ့ပေါင်း လက်နက်ကြီး ၆၀ မမနဲ့ ၈၀ မမ ၂၅ လုံးထုခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၀ရက်လောက်တုန်းကလည်း အဲဒီထဲက ခွေးတစ်ကောင် အရက်သောက်များပြီးတော့ သေတယ်လို့ သိရတယ်။ ပြည်သူတွေ အနေနဲ့ ကျွန်တော်တို့ ဆက်လက်ပြီး ကြိုးစားနေပါတယ်။ ဒီထက်မကလည်း ကြိုစားနိုင်အောင် ဗားရှင်းတွေ မြှင့်ပြီး အလုပ်လုပ်နေပါတယ်” ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် (SaIingyi) အဖွဲ့နှင့်အတူ ယင်းမာပင်ခရရိုင်တပ်ရင်းတပ်ခွဲ3၊ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ (SaIingyi)၊ SOLO AUNG GYI(SaIingyi) တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ကင်းပုန်းယူပြီး ပြန်လာသော ခြေလျင်စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Special Forces 11 – LPDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၇ ရက် ညနေ ၆ နာရီ ၄၉ မိနစ်က ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်စခန်းသို့ မုံရွာမြို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်မှ ဂျန်ပါကား ၃ စီးဖြင့် လက်နက်ကြီး၊ လက်နက်ငယ် ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ရာတွင် မြပုလဲဆီဂိတ်စခန်းမှ အကြမ်းဖက်စစ်သား ၂၃ ဦးသည် မုံရွာတိုးဂိတ်အနီးတွင် လမ်းကင်းယူပေးခဲ့ရာ ယင်းအကြမ်းဖက်စစ်သားများ ပြန်လာစဉ် ပဒေသာမိုင်း ၅ ပွိုင့် ၁ ပွိုင့်ဖြင့် မိုင်း စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ခွဲ ၁ ၊ Special Forces 11-LPDF နှင့် Monywa Dynamite (STF) အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
