29 C
Yangon

မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ သာစည်တွင် ရဲနှင့်အုပ်ကြီးများပေါင်း၍ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေ

Must read

မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ သာစည်တွင် ရဲနှင့်အုပ်ကြီးများပေါင်း၍ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေ

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူ၏ ဆွေးမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊မှော်ဘီမြို့၊ဆပ်သွားတောကျေးရွာအုပ်စုတွင် နေထိုင်သော မောင်ပြည့်ဖြိုးလှိုင်ကို ကျေးရွာ ရာအိမ်မှူး စန်းလွင်နှင့် စစ်သားများက ဝင်ရောက်ဖမ်းဆီးကြောင်း၊ မောင်ပြည့်ဖြိုးလှိုင်သည် မျက်စိခွဲစိတ်မှု ခံယူထားရသော ဝေဒနာရှင်တစ်ဦးဖြစ်ပြီး အိမ်ထောင်သည်တစ်ဦးလည်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရချိန် နေအိမ်တွင် ဇနီးဖြစ်သူနှင့် အသက် ၃ နှစ်အရွယ် သားငယ်လေး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

“စစ်မှုထမ်းရမယ်ဆိုပြီး ဝင်ဖမ်းတာပါ။ တပ်သားသစ်အဖြစ် စစ်မှုထမ်းအပတ်စဉ် ၁၁ တက်ရမယ်ပြောတယ်” ဟု ဖမ်းဆီးခံရသူ မောင်ပြည့်ဖြိုးလှိုင်၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း မိတ္ထီလာခရိုင် သာစည်မြို့နယ် ညောင်ရမ်းမြို့ ဂွေးကုန်အနောက်ရွာ တွင် စစ်ကောင်စီခန့် ကျေးရွာဥက္ကဌ ကျော်မိုးနှင့်အဖွဲ့က ညောင်းရမ်းရဲစခန်းမှ ရဲများနှင့်ပူးပေါင်းပြီး စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ပြည်သူနှင့် လူငယ်များကို ဖမ်းဆီး ငွေညှစ်နေကြောင်း သိရှိရသည်။

“စစ်မူမထမ်းလိုတဲ့ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်တဲ့အခါမှာ အုပ်ကြီးကျော်မိုးက ညောင်ရမ်းစခန်းက ရဲတွေ၊ စစ်သားတွေနဲ့ ပျူတွေပေါင်းပြီး ထွက်ပြေးတဲ့ လူငယ်တွေရဲ့ မိဘတွေကို ဖမ်းဆီးတယ်။ သာစည်မြို့ ရဲစခန်းမှာ ဖမ်းချုပ်ထားကြပါတယ်။ အဲဒီမှာ မိဘတွေကို ဖမ်းပြီး ထွက်ပြေးနေတဲ့ သားတွေကို ပြန်ခေါ်ပေးဖို့ အာမခံလက် မှတ်ရေးထိုးခိုင်းတယ်။ ငွေညစ်တယ်။ လူငယ်တွေ ပြန်လာဖို့ မိဘတွေကို ဓားစာခံလုပ်နေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယခုလအတွင်း စစ်ကောင်စီက ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် သတ်မှတ်ထားသော တပ်သား သစ်အရေအတွက် ရရှိခြင်းမရှိသေး၍ စစ်တပ်က နိုင်ငံတစ်ဝန်း အတင်းအကျပ် ဖမ်းဆီးမှုများကို လုပ်ဆောင်နေကြောင်း နိုင်ငံတစ်ဝန်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် ဖမ်းဆီး စုဆောင်းခံထားရသော လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article