Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် EAO တွေအနေနဲ့ ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာကို ပြောဖို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောလာပြန်သလို ၊ တစ်ဖက်မှာ တော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်တပ်ဟာ တရားမဝင် ဖက်ဆစ် အဖွဲ့အစည်း ဖြစ်တဲ့အတွက် တိုင်းရင်းသားအရေးကို ပြောဆိုပိုင်ခွင့်မရှိဘူးလို့ KNU က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် ခြေမှုန်းမှု အတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး ဝင်းလှိုင်ဦး နဲ့ ဗိုလ်ကြီးအောင်ကိုကို အပါအဝင် စစ်သား ၁၄ ဦးကို အရှင်ဖမ်းဆီးရမိထားတဲ့အပြင် စစ်ကောင်စီတပ်သား ၂၅ ဦးကတော့ နေရာမှာတင် အသီးသီးတွေ သေကုန်ကြပြီး ၊ လက်နက်ပေါင်း ၄၄ လက်ကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ PDF အမှတ် ၁ စစ်ဒေသ ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းက ငါန်းဇွန် -မြို့သာလမ်းပိုင်းမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖျက်အားပြင်းမိုင်းတွေပါ အသုံးပြုပြီး ကြားဖြတ်တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တော်ကို များသွားတဲ့အပြင် ၊ အဲ့ဒီ့ စစ်သားတွေရဲ့ မသာအလောင်းတွေကို ကားတွေနဲ့ သယ်သွားတဲ့အချိန် စစ်သားတွေရဲ့ ခြေပြတ် လက်ပြတ်တွေပါ ချုံပုတ်ပေါ်တွေမှာ ချိတ်ပြီး ကျန်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
