ရန်ကုန်၊ မတ် ၁၂
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဂွေးချောင်းရွာကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို ပစ်ခတ်ခြင်းကြောင့် လူငယ် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ဂွေးချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်းကြောင့် လူငယ် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပစ်ခတ်မှုကြောင့် လက်ရှိချိန်ထိ လူငယ်များသည် ဆက်လက် တိမ်းရှောင်နေရကြောင်း၊ ကျေးရွာ၌ ပေါ်တာဆွဲ ဖမ်းဆီးခံသော လူငယ်များရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ရွာထဲကို သေနတ်ပစ်ခတ်ပြီး လူငယ်တွေကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးတာ အဲမှာ ထွက်ပြေးလို့ ဆိုပြီး ပစ်ခတ်ခံရတဲ့ လူငယ်တွေရှိတယ်။ ၁ ဦးကျည်ထိမှန်တယ်လို့တော့ သိရတယ်။ သေဆုံးချင်းရှိမရှိ ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အခုချိန်ထိ လူငယ်တွေ ရွာမပြန်ရဲကျသေးဘူး။ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေရှိတယ်လို့တော့ သိရပေမယ့် အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့မင်းမေးရွာရှိ နာရေးအိမ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ လူငယ် ၂၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ငါ့မင်းမေးရွာ နာရေးအိမ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ လူငယ် ၂၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို အကြမ်းဖက် စစ်သားက ၎င်းတို့ ပါလာသော ကားဖြင့် တင်ဆောင်ရန် လူပြည့်နေ၍ ကျေးရွာအတွင်း ပြည်သူပိုင် ကား ၁ စီးကိုပါ ယူဆောင်သွားကြောင်း သိရသည်။
“ညောင်ဦးနယ်က ငါ့မင်းမေးရွာမှာ နာရေးအိမ်ကို စစ်ခွေးတွေ ဝင်ရောက်စီးနင်းပြီး လူငယ် အယောက် ၂၀ ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ သူတို့ပါလာတဲ့ ကားနဲ့မဆံလို့ ကျေးရွာမှာရှိတဲ့ ကားနဲ့ပါ ခေါ်ဆောင်သွားတယ်။ ဘယ်ကို ဖမ်းခေါ်သွားလည်းဆိုတတော့ မသိရသေးဘူး။ ဘေးနားက ရွာတွေက လူငယ်တွေကလည်း ရွာထဲမှာ မအိပ်ရဲကြတော့ဘူး။ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်ပြီး တောတောင်တွေထဲမှာ သွားရောက်နေထိုင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အင်းတရာရွာတွင်လည်း အကြမ်းဖက် စစ်တပ်ခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး လှကြိုင်၊ ရာအိမ်မှူး ဖိုးသေးသေး၊ ရာအိမ်မှူး ကျော်ဌေးနှင့် ရာအိမ်မှူး ဘုတို တို့သည့် ၎င်းတို့၏ သားသမီးများကို နိုင်ငံခြားပို့၍ ကျေးရွာအတွင်းရှိ လူငယ်များထံမှ စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ငွေကျပ် ၁၀၀၀၀ ကောက်ခံပြီး စစ်မှုထမ်းရန် မဲနှိုက် ရွေးချယ်မှုများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
