ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက မတ်လ ၁၃ရက်နေ့တွင် “ILO Implement Article 33 On Myanmar Now 2025” ဆိုတဲ့လက်ကိုင်စာသားများကိုင်ကာ “အကြမ်းဖက်စစ်တပ်ကို ILOပုဒ်မ၃၃ အရအရေးယူပေးရန်”တောင်းဆိုကာ အာဏာသိမ်းမှုကို ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။


