ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဧရာဝတီအမှတ် ၃ တပ်ရင်းမှ PDF ရဲဘော်များက လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေများကို ပြည်သူများထံ တင်ပြ ဆွေးနွေး
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဧရာဝတီ အမှတ် ၃ တပ်ရင်းမှ PDF ရဲဘော်များက လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေများကို ပြည်သူများထံ တင်ပြ ဆွေးနွေးခဲ့ကြောင်း ဧရာဝတီအမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်-မန္တလေး လမ်းဟောင်း၌ ဧရာဝတီအမှတ် ၃ တပ်ရင်းမှ PDF ရဲဘော်များက လမ်းပိုင်း စစ်ဆေးရေးများပြုလုပ်ခဲ့ပြီး စစ်ရေးအခြေအနေများကို ပြည်သူများထံ တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် PDF ရဲဘော်များက ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ နှင့် ပတ်သတ် ဆက်နွယ်ခြင်း နီးနီးကပ်ကပ် နေထိုင်ခြင်းများကို ရှောင်ကျဥ်ကြပါရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
“လမ်းကတော့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာပါ။ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး ပြည်သူတွေအတွက် ရှေ့ဆက်ဖြစ်လာမယ့် စစ်ရေး အခြေအနေတွေနဲ့ ပတ်သတ်ပြီး ပြည်သူတွေ ဆောင်ရန်ရှောင်ရန်တွေကို သတိပေး မေတ္တာရပ်ခံတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်ရေး လုံခြုံရေးအတွက် စစ်ဆေးခြင်းသာဖြစ်ပါတယ်” ဟု ဧရာဝတီအမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


