32 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ပူးလူးတူ တပ်စခန်းကို KNLA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားပြီး နောက်ထပ် စစ်သား ၁၁ ဦးကတော့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားတယ်လို့ KNU ဗဟိုကနေ တရားဝင်သတင်း ထုတ်ပြန်လာပါတယ်။

မကွေးတိုင်း အောင်လံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ကပစ ၁၅ ကနေ ကင်းပတ်ဖို့ ထွက်လာ တဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက် ခြေမှုန်းမှု အတွင်း စစ်ကောင်စီတပ်သား ၃ ဦးကတော့ အသီးသီးသေကုန်ကြပြီးနောက် အဲဒီစစ်သား အလောင်း တွေနဲ့ ဒဏ်ရာရတဲ့သူတွေကို အသည်းအသန်သယ်သွားရာမှာ ကျည်ဆံတချို့ပါ ကျန်ခဲ့တယ်လို့ PDF ၉၀၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံရုံးကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း သွားရောက်ခဲ့ပြီး လက်ရှိ မြန်မာ နိုင်ငံရဲ့ အခြေနေအရပ်ရပ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article