32 C
Yangon

သရက်ချောင်း၊ ညောင်ဇင်ရွာနှင့် ရန်တောင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနှင့် ရန်တောင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၆ နာရီခန့်တွင် ညောင်ဇင်ကျေးရွာ၌ တပ်စွဲနေထိုင်သော အင်အား ၇၀ ကျော်ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ ရန်တောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးခန့် ထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင် စစ်ကြောင်း၊ ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့နှင့် T5Wings ဒရုန်းတပ်ဖွဲ့၊ DRAGON SQUAD DRONE FORCE တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ခရိုင်အတွင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အား အများအပြား အသုံးပြု၍ စစ်ကြောင်းများ ဆက်လက်ထိုးလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိပြီး အကြမ်းဖက် စစ်တပ်နှင့် ဝေးရာတွင် နေထိုင်ကြရန် ဒေါင်းညီနောင် စစ်ကြောင်းက အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article