32 C
Yangon

ဘော်စတွန်မြို့တွင် ကိုထိန်လင်းနှင့် မြန်မာမိသားစုများ တွေ့ဆုံ၍ စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအထောက်အပံ့များ ပိုမိုရရှိစေရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများ လုပ်ဆောင်

Must read

ဘော်စတွန်မြို့တွင် ကိုထိန်လင်းနှင့် မြန်မာမိသားစုများ တွေ့ဆုံ၍ စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအထောက်အပံ့များ ပိုမိုရရှိစေရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများ လုပ်ဆောင်

ရန်ကုန်၊ မတ် ၁၇

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းနှင့် မြန်မာမိသားစုများ တွေ့ဆုံ၍ မြန်မာပြည်ရှိ စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအထောက်အပံ့များ ပိုမိုရရှိစေရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်သူ့ဂုဏ်ရည်အသင်း New England က ဦးစီးပြီးပြုလုပ်ခဲ့တာဖြစ်ပြီး ကင်အဲရစ်မှ လက်ရှိမြန်မာနိုင်ငံရှိ စစ်ဘေးသင့်ပြည်သူများ၊ နေရပ်စွန့်ခွာလာရသည့်သူများအား အရေးပေါ်အကူအညီပေးနိုင်သည့် အထောက်ပံ့များ အပူတပြင်း လိုအပ်လျက်ရှိပုံကို ပြောဆိုဆွေးနွေးခဲ့၍ မြေပြင်အထောက်အပံ့များပံ့ပိုးပေးလျက်ရှိသော ပရောဂျက်များအ‌ ကြောင်းကိုလည်း မိတ်ဆက်မျှဝေပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒေါ်‌အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား ၈ ချပ်ကို တချပ်လျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ ဖြင့် နွေဦးတော်လှန်‌ရေး ထောက်ပို့သူများက အားဖြည့်ပါဝင်ခဲ့ကြခြင်းကို ကင်မ်အဲရစ်မှ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပြီး ကင်အဲရစ်လက်မှတ်ရေးထိုးထားသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပြက္ခဒိန် (Suu 80th Birthday Calendar ) ကိုလည်း လေလံတင်ခဲ့ရာ အမေရိကန်‌ဒေါ်လာ ၂,၅၀၀ ဖြင့် လေလံအောင်မြင်ခဲ့‌ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

တွေ့ဆုံပွဲမှရရှိသော ရန်ပုံငွေများသည် မြန်မာနိုင်ငံရှိ စစ်ဘေးသင့်ပြည်သူများ၊ နေရပ်စွန့်ခွာလာရသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖော်ဆောင်ရာသို့ အလုံးစုံ စီးဆင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article