Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မန္တလေးတိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းလုံး ခြေမှုန်းခံလိုက်ရပြီး စစ်သား အယောက် ၇၀ ကျော်က အသီးသီး သေကုန် ကြပြန်တဲ့အပြင် အဲဒီစစ်သားအလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိထား ပြန်တယ်လို့ ပုဂံဘီပြည်လူးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီတပ်က အာဏာသိမ်းနိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းတယ်ဆိုပြီး အပြစ်ရှာ လိမ်လည်ပေးခဲ့သူ ဗိုလ်မှူးချုပ် မြတ်မင်းဦး ကို အကြမ်းဖက် မင်းအောင်လှိုင်က ပထမအဆင့် နည်းပညာထူးချွန်ဆုတွေ ပေးအပ်နေပြန်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မ ရဲစခန်းထဲကို အမျိုးသား ၁ ဦးက ကတ်ကြေး ၂ လက် ကိုင်ဆောင်ပြီး ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲစခန်းမှူး ကျော်ဇေလတ် အပါအဝင် ရဲ ၄ ဦး ထိခိုက်ဒဏ်ရာရထားသလို ၊ အဲဒီအမျိုးသားလည်း ကျည်ထိမှန်ဒဏ်ရာတွေရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
