Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းမှာ စစ်ပြေး၊ ရဲပြေးတွေအပြင် CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုပါ National Database စနစ်နဲ့ ဖော်ထုတ်ဖမ်းဆီးတာတွေ လုပ်လာ နေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မန္တလေးတိုင်း၊ ညောင်ဦးမြို့ယ်ထဲက ငါ့သရောက်မြို့နယ်ခွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ် ကြောင်း တစ်ကြောင်းလုံး ခြေမှုန်းခံရပြီးနောက် ညောင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထပ်မံကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးကတော့ အသီးသီး သေကုန်ကြပြန်တယ်လို့ ပုဂံဗိုလ်ချို အဖွဲ့ တာဝန်ခံ ရက္ခ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို သူတိုစစ်တပ်ကသာ ကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီး တတွင်တွင် ပြောနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကပဲ မန္တလေးတိုင်း တောင်သာမြို့နယ်၊ မကျီးပင်တဲရွာ ဘုန်းကြီးကျောင်းကို စက်တပ်လေထီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားပြန်ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးတွေလည်း ပြိုကျ ပျက်ဆီးသွားခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
