31 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေ၍ ပြည်သူများ တိမ်းရှောင်နေရ

Must read

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေ၍ ပြည်သူများ တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၄ မိနစ်၊ ၃၉ မိနစ်နှင့် ၄၆ မိနစ်ခန့်တို့တွင် မတ္တရာမြို့နယ်၊ ဘိုကုန်းကျွေးရွာ အနီး တဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီ ၄၆ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်၊ မြကန်သာကျေးရွာနှင့် ထီးတော်မိုးတပ်ဘက်မှနေ၍ ၁၂၀ မမ လက်နက်ကြီး ၁၇ လုံးဖြင့် မြကန်သာအရှေ့ဘက်ရှိ ကျေးရွာအနီးတဝိုက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များ ပျက်စီးမှု အခြေအနေနှင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေးတွေက နံနက်ပိုင်းတည်းက စပြီး လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေတာပါ။ ပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article