26 C
Yangon

မင်းပြားနှင့် မောင်တောတွင် မိုင်းနင်းမိ၍ ပြည်သူ နှစ်ဦး ခြေထောက်ပြတ်

Must read

ရန်ကုန်| မတ် ၂၀

ရခိုင်ပြည်၊ မင်းပြားနှင့် မောင်တောမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိ၍ အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုသမီးတစ်ဦးတို့မှာ ခြေထောက်များ ပြတ်သွားပြီး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မင်းပြားမြို့ ကျိန်းတောင် တောင်ခြေရင်းသို့ ဟင်းရှာသွားရာကနေ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

မင်းပြားမြို့ခံ တစ်ဦးက ” ပုံမှန်က သူက ဟင်းရှာဖို့ သွားနေကျပါ။ ဒါပေမဲ့ ဒီနေ့ကတော့ သူသွားနေကျ နေရာကို မသွားဘူးတဲ့။ တစ်ခြားနေရာကို သွားတယ်လို့ ပြောတယ်။ အဲ့ဒီမှာ မိုင်းနင်းမိတာပါ။ ဘယ်ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ နည်းနည်းတော့ စိုးရိမ်ရတယ်” ဟုပြောသည်။

မိုင်းနင်းမိသူမှာ မင်းပြားမြို့ သပြေညိုရပ်ကွက်မှ အသက် ၄၂ ကျော်အရွယ်ရှိ ဒေါ်စံဝင်းမေ ဖြစ်ပြီး ၎င်းမှာ ဘယ်ဘက်ခြေထောက် ခြေမျက်စီအောက်နေ ပြတ်သွားကာ အရေးပေါ် ဆေးကုသမှု ခံယူနေသည်။

ထို့ပြင် မောင်တောမြို့ လသာရပ်ကွက်မှ အမျိုးသားတစ်ဦးမှာ မတ် ၁၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန် ငါးရှာသွားစဥ် မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေ ရှိကြောင်း သိရသည်။

အသက် ၄၄ နှစ်အရွယ်ရှိ လသာရပ်ကွက်မှ အဒူဟာလေ့ခ်မှာ ငါးရှာဖို ရွှေဇားချောင်းကိုသွားရာ မိုင်းနင်းမိခြင်းဖြစ်ပြီး ဘယ်ခြေထောက် ခြေမျက်စီအောက်က ပြတ်သွားကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်အတွင်းက တောင်ကုတ်၊ မင်းပြား၊ မောင်တောမြို့နယ်များတွင် မကြာခဏ မိုင်းနင်းမိပြီး အရပ်သားများ သေဆုံး ပြင်းထန်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။

အထူးသဖြင့် စစ်ကောင်စီတပ်စွဲခဲ့သည့် တောတောင် နေရာများနှင့် မြို့အတွင်းနေထိုင်ခဲ့ အဆောက်အအုံများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင် အာရက္ခတပ်တော် AA က စစ်ကျန်လက်နက် အန္တရာယ်နှင့် ပတ်သက်၍ မိုင်း အသိပညာပေး ဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးချက် လုပ်ဆောင်နေသော်လည်း ထိခိုက် သေဆုံးမှုများ ယခင်ကထက် မြင့်တက်လာနေသည်။

အာရက္ခတပ်တော် AA အနေဖြင့် မိုင်းရှင်းလင်းရေးနှင့် မိုင်း အသိပညာပေး ဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိ ပေးချက်များကို ယခုထက် ပိုမို့ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ပြည်သူများက ပြောဆိုသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article