29 C
Yangon

စေတုတ္တရာတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များ စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် စစ်မှုထမ်းခိုင်းရန် လူငယ်များ စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် စစ်တပ် ဒေါက်တိုင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ စေတုတ္ထရာမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ၂ ဦးကို စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး နှင့် စစ်တပ် ဒေါက်တိုင် ၂ ဦးသည် အကြမ်းဖက် စစ်တပ်အတွက် စစ်မှုထမ်းရန် လူငယ်များကို စုဆောင်းပေးခြင်း၊ ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်တောင်းခံခြင်းများ လုပ်ဆောင်နေသူများဖြစ်ကြောင်း၊ သေဆုံးသွားသူများထံမှ စစ်ဝတ်စုံ တစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ကတော့ အကြမ်းဖက် စစ်တပ်ကို သတင်းပေးနေတဲ့ ပြည်သူ့စစ် ဖွဲ့စည်းရန် ကြိုးပမ်းကြတဲ့ ဒလန်မှန်သမျှကို ရှင်းလင်းသွားမှာပါ။ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် မှန်သမျှအကုန်ပေါ့။ အခုတိုက်ခိုက်ခဲ့တဲ့ ကောင်တွေက စစ်မှုထမ်းဖို့ လူငယ်တွေကို လူစုပေးတာတွေ ငွေညှစ်တာတွေ ငွေတောင်းခံနေတာ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေသူတွေပါ”ဟု စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စေတုတ္တရာမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အုပ်ချုပ်ရေး ယန္တရားတွင် အဓိက ပါဝင်နေသော မြို့နယ် အဆင့်၊ ရပ်ကွက်အဆင့်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူးများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ယန္တရားထံမှ ချက်ခြင်း နှုတ်ထွက်ရန်နှင့် အကြမ်းဖက် စစ်တပ် လက်အောက်ခံအဖွဲ့အစည်းများကို ဒေါက်တိုင် လုပ်ခြင်း၊ ထောက်ပံ့ခြင်း၊ သတင်းပို့ခြင်းများ ပြုလုပ်နေသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် ဒေါက်တိုင်များ၊ စစ်စခန်း နှင့် ယာဉ်တန်းများ အနီး သွားခြင်းမပြုလုပ်ရန် စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ – ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် အုပ်ချုပ်ရေးမှူး ၁ ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် အုပ်ချုပ်ရေးမှူး ၁ ဦး
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article