ဒီကနေ့ မတ် ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှ Non-CDM ဝန်ထမ်းတွေအနေနဲ့ တော်လှန်ရေးတပ်တွေရဲ့ဖမ်း ဆီးမခံရစေဖို့ သတိပြုကြရန် စစ်ကောင်စီက ညွှန်ကြားမှုတွေ ဆက်တိုက် လုပ်နေတယ်လို့ နေပြည်တော် ဝန်ထမ်း သတင်းရင်းမြစ်က ပြောပါတယ်။
- ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်ရဲ့ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်ပြီး စစ်ကွင်းမြို့ထဲ ဝင်ပြေးလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား တွေ ဈေးဝယ်ထွက်လာစဉ် စောင့်ကြို တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
