38 C
Yangon

မန္တလေး-မြင်းခြံ လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ဆက်ကြေးကောက်နေသည့် စစ်ကောက်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

မန္တလေး-မြင်းခြံ လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ဆက်ကြေးကောက်နေသည့် စစ်ကောက်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး-မြင်းခြံ လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အတင်းအဓမ္မ ဆက်ကြေးကောက်နေသည့် အကြမ်ဖက် စစ်ကောက်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် နှင့် အင်းဝဘဏ် အနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသည် မန္တလေး-မြင်းခြံ လမ်းပိုင်းတွင် ခရီးသွား လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သားမသာ အလောင်းများကို စက်မှုဇုန်ထဲ ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။

“မန္တလေး-မြင်းခြံ လမ်းပိုင်းမှ စစ်ခွေး ၁၅ ကောင်က ခရီးသွား ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ အတင်းအဓမ္မ ငွေကြေးတောင်းခံတာတွေ လုပ်နေတုန်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပေါ့။ စစ်ခွေး ၄ ကောင်သေပြီး ၁ ကောင် ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ခွေးတွေ အလောင်းတွေကိုတော့ စက်မှုဇုန်ထဲ ပြန်သယ်သွားတယ်” ဟု နဂါးနီပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ နှင့် ငါန်းဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၃ ငါန်းဇွန်းမြို့နယ် ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article