37.2 C
Yangon

မင်းကွန်းဒေသ တိုက်ပွဲတွင် တပ်မ ၃၃ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖုန်းကို သိမ်းဆည်းရရှိကာ လူမှုရေး ဖောက်ပြန်မှု အချက်အလက်များ သိမ်းဆည်းရရှိထား

Must read

မင်းကွန်းဒေသ တိုက်ပွဲတွင် တပ်မ ၃၃ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖုန်းကို သိမ်းဆည်းရရှိကာ လူမှုရေး ဖောက်ပြန်မှု အချက်အလက်များ သိမ်းဆည်းရရှိထား

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖုန်းကို သိမ်းဆည်းရရှိကာ လူမှုရေး ဖောက်ပြန်မှု အချက်အလက်များ သိမ်းဆည်းရရှိထားကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် မင်းကွန်းဒေသတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ပြီး တပ်မ ၃၃ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦး အပါအဝင် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး ဇင်မျိုးဦး၏ ဖုန်းကိုလည်း သိမ်းဆည်းရမိခဲ့ပြီး တပ်အတွင်းမှ အခြားရာထူးအဆင့်ရှိသူ ၁ ဦး၏ ကျောင်းနေ အရွယ် မိန်းကလေး ၁ ဦးနှင့် လှုမှုရေး ဖောက်ပြန်မှု အချက်အလက်များကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ၎င်းကိုင်ဆောင်သော ဖုန်းအတွင်းမှ အခြားအရေးကြီး အချက်အလက်များကိုလည်း သိမ်းဆည်း ရရှိထားပြီး လုံခြုံရေး အခြေအနေအရ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ နှင့် အတူ ထွေလီကာလီ Attacking and Production ၊ Acid LPDF (ဝက်လက်) ၊ စစ်ကိုင်း PDF ၊ မင်းကွန်း PDF ၊ တောတွင်းတွတ်ပီ ၊ people servant force ၊ Phoenix Sgg ၊ Royal Falcon Guerrilla Force နှင့် အင်းသားလေး လက်နက်ကြီး တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်း မဟာမိတ်အဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article