“အမေ့ကို နေအိမ်အကျယ်ချုပ်ပြောင်းလိုက်ပြီလို့ ပြည်သူတွေက ပြောနေကြပေမယ့် တကယ်တော့ ဒါတွေက စစ်တပ်က ဖြန့်တဲ့ သတင်းမှားတွေပါ”
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်စ် (ခ) ကိုထိန်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်အဲရစ်စ်သည် ၎င်း၏မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အမြန် ဆုံးလွတ်မြောက်စေချင်သည့် မီးတောက်လိုပြင်းပြသောဆန္ဒကြောင့် အမေရိကားခရီးစဉ်ကို မတ်လ ၁၂ ရက်နေ့တွင် စတင်ခဲ့ပြီး မတ်လ ၂၂ ရက်နေ့တွင်မူ မေရီလန်းပြည်နယ် Hyattsville မြို့ Northwestern High School တွင် မြန်မာလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့စဉ် ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
၎င်း၏ အမေရိကန်ခရီးစဉ်အတွင်း ၎င်း၏အမေနှင့်အတူ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူများ အမြန်ဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာနွယ်ဖွားများ၊ ကူညီထောက်ပံ့ပေးသူများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။
ကင်မ်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်သို့ မတ်လ ၁၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီးနယူး ယောက် တွင် မြန်မာများနှင့်တွေ့ဆုံမှုမှ အမေရိကန်ဒေါ်လာ ၅၃,၉၀၈ ၊ ဘောစတွန်တွင် မြန်မာများနှင့် တွေ့ဆုံမှုမှ အမေရိကန်ဒေါ်လာ ၃၅,၀၀၀၊ မေရီလန်းတွင် မြန်မာများနှင့်တွေ့ဆုံမှုမှ အမေရိကန်ဒေါ်လာ ၄၀၀၀၀ နီးပါး အလှူငွေများ ရရှိခဲ့ကာ လိုအပ်သောနေရာများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး လှူဒါန်းပြီးပါက အသေးစိတ်ကို အသိပေးကြေငြာသွားမည်ဖြစ်ကြောင်း ကင်မ်အဲရစ်စ် (ခ) ကိုထိန်လင်းက အသိပေးထားသည်။
