Khit Thit သတင်းဌာန၏ မတ် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လုံခြုံရေးကို စိုးမိုးနိုင်အောင် ဆောင်ရွက်ကြပါဆိုပြီး ပြောလာပြန်ပါတယ်။ ဒါကိုတော့ ယမန်နေ့ က နေပြည်တော်မှာ ပြုလုပ်သွားတဲ့ စစ်ကောင်စီရဲ့ အမျိုးသားစီမံကိန်းကော်မရှင် အစည်း အဝေးအတွင်းမှာ အကြမ်းဖက် မင်းအောင်လှိုင်က ပြောသွားပြန်တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ စစ်မနိုင်တော့ဘူးလို့ ထိုင်းလွှတ်တော်မှာပြုလုပ်ခဲ့တဲ့ နယ်စပ်လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ အချက် ၅ ချက်နဲ့ အမေရိကန် အခြေစိုက် ဝါရှင်တန်ဒီစီ ပါမောက္ခ ဒေါက်တာ Zachary Abuza က မှတ်ချက်ပြုပြောဆို လိုက်ပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမှာ လမ်းကင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦးအပါအဝင် ၂၀ ခန့်သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
