28 C
Yangon

မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူစောထီး အထိုင်စခန်းမှ မီတာကြေးကောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူစောထီး အထိုင်စခန်းမှ မီတာကြေးကောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူစောထီး အထိုင်စခန်းမှ မီတာကြေးကောက်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း JUSTICE WARRIORS FORCE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူစောထီး အထိုင်စခန်းမှ ကံရွာကို မီတာကြေး လာကောက်သည် စစ်သားနှင့် ပျူစောထီးများကို JUSTICE WARRIORS FORCE အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး MA-2 သေနတ် ၁ လက် ၊ ကာဘိုင် သေနတ် ၁ လက်၊ 5.56 ကျည် ၁၆၀ တောင့်နှင့် ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ဂေါင်းကွဲရွာ ပျူစောထီး အထိုင်စခန်းကနေ ကံရွာကို မီတာကြေး လာကောက်တဲ့ စစ်ခွေးနဲ့ ပျူစောထီးအဖွဲ့ကို စောင့်ကြို တိုက်ခိုက်တာ စစ်ခွေး ၁ ကောင်နဲ့ ပျူစောထီး ၁ ကောင် သေဆုံးတယ်။ သေနတ် ၂ လက် သိမ်းဆည်းရရှိပါတယ်။ စစ်ခွေးတွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးလည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု JUSTICE WARRIORS FORCE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို JUSTICE WARRIORS FORCE မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article