37.5 C
Yangon

နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထမင်စားနေသည့် မိသားစုဝင် ၃ ဦးလုံးသေဆုံး

Must read

နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထမင်စားနေသည့် မိသားစုဝင် ၃ ဦးလုံးသေဆုံး

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထမင်စားနေသည့် မိသားစုဝင် ၃ ဦးလုံးသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချပြီး Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်အတွင်း ထမင်းစားနေသည့် မိသားစုဝင် ၃ ဦးလုံးသေဆုံးခဲ့ပြီး နေအိမ် ၃ လုံးခန့် မီးလောင်ပြကျခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ၁ နာရီ ခွဲခန့်လောက်က မာန်လည်ရွာကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်သွားတာ Rocket နဲ့ ပါပစ် ခတ်သွားတယ်။ ပြည်သူ ၃ ဦး သေဆုံးတယ်။ နေအိမ်တွေလည်း မီးလောင်ပြကျသွားတယ်။ သေဆုံးသူ ၃ ဦးက မိသားစုဝင်တွေပါ။ သမီးမိန်းကလေးက ငယ်သေးတယ်။ ထမင်းစားနေတုန်း ပစ်ခံရတာပါ။ ခန့်မှန်းခြေ နေအိမ် ၃လုံးလည်း မီးလောင်ပြာကျတယ်။ သူတို့ မိသားစုလေးက တောထဲမှာ နေတာပါ။ ထန်းသမားတွေ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article