27 C
Yangon

ကျောက်ကြီးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး၊ ကလေးငယ်များ အပါအဝင် ၁၈ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် သံဃာတော် ၁ ပါးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၂၅ ရက်နေ့ ကျောက်ကြီးမြို့နယ်၊ စဥ်အိုးလှ‌ကျေးရွာမှ စစ်တပ်က ဒရုန်းဖြင့် တလှိုင်းခင်ကျေးရွာထဲသို့ ဗုံးကျဲခဲ့ရာ တလှိုင်းခင် ကျေးရွာသို့ စစ်ဘေးရှောင်လာရောက်နေထိုင်သည့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများမှာ အသက် ၃၀ နှစ်အရွယ် နော်မူဒါး၊ အသက် ၉ နှစ်အရွယ် နော်အယ်ကရောဖော၊ အသက် ၁ နှစ်အရွယ် နော်မူကလယ်ဖော်တို့ ဒဏ်ရာရရှိကြောင်း၊ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ် အချိန် စစ်ကောင်စီလေတပ်က ထီးညာပယ်ကလိုးသို့ မီးလလောင် ဗုံး ၃ လုံး ကျဲချခဲ့ရ နေအိမ်စျေးဆိုင်တဲများ မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် သောင်ပုကျေးရွာသို့ စစ်တပ်ကပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန် စစ်တပ်က လေယာဥ်ဖြင့် အင်တိုင်းကုန်း‌ကျေးရွာနှင့်လိန်ပင်ကျေးရွာအကြားသို့ ဗုံးကျဲပစ်ခတ်ခဲ့ရာ သံဃာတော် ဦးစန္ဒောဘာသ၏ ညာဘက်လက်ပြတ်ထွက်သွားခဲ့ကြောင်း၊ နွား ၆) ကောင် ထိခိုက်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ခလရ ၂၆၄ တပ်ရင်းက ၁၂၀မမ ၁ လုံး ပစ်ခတ်ရာ အနောက်ကျောက်စရစ်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ယင်းကဲ့သို့ပင် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် စစ်ဘေးရှောင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ၁၄ ဦးဒဏ်ရာရရှိကြောင်း ရခိုင်သတင်းရင်းမြစ် Arakan Princess Mediaထံမှ သိရှိရသည်။

မတ်လ ၂၅ ရက်နေ့ ည ၇ နာရီအချိန် ပုဏ္ဏားကျွန်း မြို့ နယ်၊ အောင်ဖြူပြင်ရွာသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲရာ စစ်ဘေးရှောင် ပြည်သူ ၃ ဦးသေဆုံးကြောင်း၊ ၁၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများမှာ ပုဏ္ဏားကျွန်းမြို့ လိပ်ကုန်းပြင်ရပ်ကွက်မှ အောင်ဖြူပြင်ရွာမှ စစ်ဘေးရှောင် အသက် ၅၃ နှစ် ဦးသန်းမောင် ၊ ဇနီးအသက် ၄၅ နှစ် ဒေါ်မရီ၊ အသက် ၁၉ နှစ်အရွယ် ကိုမောင်သက်နိုင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုရဲလင်းစိုးတို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၂ နှစ်နှင့် အသက် ၁၅ နှစ်အကြား ကလေးငယ် ၅ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး စုစု ပေါင်း ၁၄ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – KNU နှင့် APM ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article