ရန်ကုန်၊ မတ် ၂၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ – PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ပျူစောထီး ၁ ဦးသည် ကာဘိုင်သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော ပျူစောထီးကို တောင်သူဦးကြီးများအဖွဲ့ – PDF က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လူ့အခွင့်အရေးနှင့် အညီ ကောင်းမွန်စွာ နေထိုင်ခွင့် ပြုထားကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင်လည်း တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက် ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် – ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် မုံရွာခရိုင် အမှတ် ၁ တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲကို ထည့်ခဲ့တာလို့ သိရတယ်။ လက်နက်တွေတော့ ယူဆောင်လာတာ မရှိပါဘူး” ဟု မုံရွာခရိုင် အမှတ် – ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

