29 C
Yangon

စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီး စစ်ကိုင်းတံတားအဟောင်း ပြိုကျ၊ အောင်ပန်းတွင် ဟိုတယ်အောင်ပန်း ၃ ထပ်တိုက် အလုံးလိုက်ပြိုကျ၊ မန္တလေးတွင်လည်း တိုက်ပြိုကျမှုများ ရှိနေ

Must read

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားသည်ဟု အမေရိကန်ငလျင်ဌာန USGS က ထုတ်ပြန်ကြေညာလိုက်ပြီး လတ်တလော စစ်ကိုင်းတံတားအဟောင်း ပြိုကျသွားကာ မန္တလေးနှင့်စစ်ကိုင်းတွင် အပျက်အစီးများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၃ မိနစ်အချိန် လှုပ်ခတ်သော အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိကြောင်း၊ နိုင်ငံတစ်ဝန်း အပျက်အစီးများစွာရှိနေကြောင်း သိရှိရသည်။

“အောင်ပန်းမှာတော့ ဟိုတယ်အောင်ပန်း ၃ ထပ်တိုက်ပြိုသွားပြီ။ အပျက်အစီးများတယ်။ ကားတွေ ပိနေတယ်” ဟု အောင်ပန်းဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော သတင်းများအရ မန္တလေးတွင်လည်း ငလျင်ကြောင့် တိုက်ပြိုကျမှုများရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article