ရန်ကုန်၊ မတ် ၂၈
မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင် ယနေ့ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ ၂၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ယင်းဗလီပြိုကျမှုအတွက် ကယ်ဆယ်ရေး ကူညီနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဝတ်ပြုနေတဲ့အချိန် ပြိုကျသွားတာပါ။ ဗလီအဆောင် ၃ ခုလောက်ပြိုကျသွားတာ။ ပိတ်မိနေတာတွေရှိတော့ အခုတော့ ၂၀ ဦးထက်မနည်းသေသွားပါပြီ။ သေ တဲ့အရေအတွက်ကတော့ များနိုင်တယ်။ ရွှေဘုန်းရှိန် ဗလီ ကတော့ ပြိုကျသွားပြီ” ဟု ဗလီပြိုကျမှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူက ရှင်းပြသည်။
ဗလီအပျက်အစီးများအောက်တွင် ပိတ်မိနေသူများရှိနိုင်ပြီး လက်ရှိ နီးစပ်ရာ အချင်းချင်းသာ ကယ်ဆယ်ရေး လုပ်နေရသည့်အခြေအနေဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



