Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာပြည်သူတွေအားလုံး အတိဒုက္ခရောက်နေရတဲ့ ငလျင်ကြီးလှုပ်ခတ်မှု အပြီးမှာပဲ အကြမ်းဖက် စစ်ကောင်စီက KNU ဌာနချုပ်အနီး၊ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်ဒေသ နဲ့ ပဲခူးတိုင်းဘက်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၆ ဦးထိရှိလာပြီး ရုပ်အလောင်း အားလုံး ဆွဲမထုတ်နိုင်သေးဘဲ အရေးပေါ် ကုသနေရတဲ့ လူနာပေါင်း အယောက် ၅၀၀ ဝန်းကျင် ရှိထားတယလို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မြန်မာနိုင်ငံမှာ ကြီးမားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုအတွင်း နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘေးကင်းတဲ့အကြောင်းကိုသိထားရပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
