29 C
Yangon

ရမည်းသင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှု များပြား

Must read

ရမည်းသင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှု များပြား

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြားကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်က စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ရမည်းသင်း မြို့ပေါ်နှင့်ကျေးရွာများအတွင်းနေထိုင်သူ ပြည်သူ ၁၀၀ ကျော်သေဆုံးပြီး ပျောက်ဆုံးနေသူများ လည်းရှိကြောင်း၊ နေအိမ်များ၊ အဆောက်အအုံများ၊ လမ်းတံတားများလည်း ထိခိုက်ပျက်စီးခဲ့ပြီး ဖုန်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

“ရမည်းသင်းထဲမှာ လူအသေအပျောက်များပါတယ်။ စုစုပေါင်း မြို့ပေါ်မှာတင် ၅၀ နဲ့ ၁၀၀ ကြားရှိပါ တယ်။ ရွာတွေဘက်မှာလည်း တော်တော်ထိထားပါတယ်။ အသေအပျောက်က ရှိပါတယ်။ ဖုန်းလိုင်း ကလည်း မိုင်တဲ့ တစ်မျိုးပဲရပါတယ်။” ဟု ဒေသနေပြည်သူ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၇၆ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကြောင်းနှင့် အသေးစိတ် စာရင်း များအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article