ငလျင်ဘေးဒဏ်သင့် ပြည်သူများအပေါ် တတ်နိုင်သည်များ အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
ငလျင်ဘေးဒဏ်သင့် ပြည်သူများအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်သည်များကို အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်းညီအစ်ကိုစိတ်ဓာတ်အပြည့်ဖြင့် အသိပေးကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။
သဘာဝဘေးဒဏ်ကြောင့် ပြည်သူလူထုများ အသက်အိုးအိမ်စည်းစိမ်နှင့် အဆောက်အအုံများ စွာတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနှင့် ကာယကံရှင်မိသားစုများ၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်နှင့် ၎င်း၏ နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှု ပကတိမြေပြင်အချက်အလက်များနှင့် မိုးလေဝသနှင့် ဇလဗေဒတိုင်းထွာချက်များအရ နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာ နေထိုင်ကြပါရန်၊ သတင်းမှန်များကို နားစွင့်ကြရန်လည်း ညီနောင် ၃ ဖွဲ့ အကြံပြုတိုက်တွန်းထားသည်။
