26 C
Yangon

NUG က ထိုးစစ်များ နှစ်ပတ်​ကြာ ရပ်တန့်ပြီး စစ်ကောင်စီ ထိန်းချုပ်သော မြို့ကြီးများတွင် လုံခြုံရေး အာမခံချက်ရှိပါက CDM ဝန်ထမ်းများနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ကုသရေး ဆောင် ရွက်မည်ဟု ကြေညာ

Must read

NUG က ထိုးစစ်များ နှစ်ပတ်​ကြာ ရပ်တန့်ပြီး စစ်ကောင်စီ ထိန်းချုပ်သော မြို့ကြီးများတွင် လုံခြုံရေး အာမခံချက်ရှိပါက CDM ဝန်ထမ်းများနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ကုသရေး ဆောင် ရွက်မည်ဟု ကြေညာ

ရန်ကုန်၊ မတ် ၂၉

အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ထိုးစစ်များ နှစ်ပတ်​ကြာ ရပ်တန့်ပြီး လုံခြုံရေး အာမခံချက်ရှိပါက CDM ဝန်ထမ်းများနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ကုသရေး ဆောင်ရွက်မည်ဟု ယနေ့ညပိုင်း ထုတ်ပြန် ကြေညာလိုက်သည်။

စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက အမျိုးသားညီညွတ် ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာကူညီကယ် ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်၍ ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာလာခြင်းဖြစ်သည်။

ထို့ပြင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးသင့်သည့် ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ကာ နှစ်ပတ်ကြာရပ်နားထားမည်ဖြစ်သည်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာသည်။

နိုင်ငံအဝှမ်း ငလျင်ဘေးသင့်ပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ကနဦးတွင် အမေရိကန်ဒေါ်လာ ၁ သန်း လျာထားသုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် အတူလက်တွဲကာ “ပြည်သူမှ ပြည်သူသို့ အစီအမံ” ဖြင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေး အင်အားစုများနှင့် အစွမ်းကုန် ကူညီပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article