ရန်ကုန်၊ မတ် ၃၁
ပြည်သူများ အတွက် ပေးအပ်သည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများအပေါ် အကြမ်းဖက်စစ် တပ်က အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်မထုတ်စေရန်အတွက် အနီးကပ် အကဲဖြတ်စောင့်ကြည့်သည့် လုပ် ငန်းစဉ်ကို နိုင်ငံတကာအနေဖြင့် ထည့်သွင်းထားရန် ကရင်အမျိုးသားအစည်းအရုံး KNU က ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် တိုက်တွန်းသည်။
အကြမ်းဖက်စစ်တပ်က ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းကြောင့် ပြည်သူများအတွက် လက်ခံရရှိသည့် နိုင်ငံတကာ အကူအညီများကို ၎င်းတို့၏ အကျိုးစီးပွားအတွက် အသုံးချသည့် သမိုင်းကြောင်းရှိသည့်အတွက် ယခု ငလျင် ဒဏ်ခံ ပြည်သူများအတွက် ပေးအပ်သည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများအပေါ် အကြမ်းဖက်စစ်တပ်က နိုင်ငံရေးအမြတ်မထုတ်စေရန် အနီးကပ် အကဲဖြတ်စောင့်ကြည့်သည့် လုပ်ငန်းစဉ် ထည့် သွင်းရန် KNU တိုက်တွန်းသည်။
KNU အနေဖြင့် ငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ်မြောက်မြားစွာ ပျက်စီးဆုံးရှုံးရသည့်အတွက် ပြည်သူ များ နှင့် ထပ်တူထပ်မျှ ကြေကွဲ ဝမ်းနည်းရကြောင်း၊ ငလျင်အတွက် အချိန်တိုကာလအတွင်း ကူညီရန် ကမ်းလှမ်းလာသည့် နိုင်ငံတကာမှ အစိုးရများ အဖွဲ့အစည်းများအပြင် ဒေသခံပရဟိတအဖွဲ့များနှင့် ပြည်သူများ၏ ကူညီများကို အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် ငလျင်ဘေးသင့်သော ပြည်သူများသည် စစ်ကောင်စီ ထိန်းချုပ်နယ် မြေအောက်တွင် ရှိသလို တော်လှန် ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ရှိနေသည်ကို သတိမူကာ ငလျင်ဘေးအကူအညီများ ပေးရာတွင် အပြိုင်အကူအညီပေးသည့် လုပ်ငန်းစဉ်ကို အခြေခံ၍ မြေပြင်တွင် အကူအညီပေးနေသည့် ဒေသအသိုင်း အဝိုင်းများမှ တစ်ဆင့် အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေးလုပ်ဆောင်ရန် KNU က နိုင်ငံတကာကို တိုက်တွန်းထားသည်။
“အဓိက အချက်ဖြစ်တဲ့ လူသားချင်း စာနာထောက်ထားမှာအကူအညီတွေက စစ်အုပ်စုကနေပြီးတော့ မိမိကိုယ် ကျိုးအတွက် အသုံးမပြုနိုင်ဖို့ဆိုရင်တော့ ဒီအကူအညီအားလုံးကို သူတို့ဆီကို တိုက်ရိုက်စီးဝင်တဲ့ဟာမျိုးတော့ လုံး ဝမလုပ်သင့်ဘူး။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဖြစ်တဲ့ မြေပြင်မှာ အကောင် အထည်ဖော်မယ့် လူတွေလက်ထဲကို တိုက်ရိုက် လှူပေးတာ အသင့်တော်ဆုံးဖြစ်တယ်။ ဒုတိယအချက်အနေနဲ့က တကယ်ကို အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီကို ရောက်ဖို့အတွက်ဆိုရင် ပေးလိုက်တဲ့ အကူအညီတွေက ပွင့်လင်းမြင် သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု သိပ်လိုအပ်တယ်။ အဲဒါကြောင့်မို့ Monitoring Mechanism လို့ခေါ်တဲ့ အမြဲတမ်းစောင့်ကြည့်လေ့လာရေးယန္တရားတစ်ခုက ရှိဖို့လိုတယ်။ ဆိုလိုတာက ဒီအကူအညီတွေက တကယ် လူထုထဲ ရောက် လား မရောက်လား စစ်ဆေးတဲ့ ယန္တရားပေါ့။ ပြီးခဲ့တဲ့ နာဂစ်မှာ ဒါတွေ မရှိခဲ့လို့ အကုန်လုံးက စစ်အုပ်စုက သူ့ ကိုယ်ကျိုးအတွက် သုံးသွားပြီးတော့ ဘယ်လောက်အထိ ယုတ်မာရိုင်းစိုင်းခဲ့လဲဆို အဲဒီ ရှိသမျှ ရလာတဲ့ အကူအညီပေါ်မှာ သူတို့က စစ်အုပ်စုတံဆိပ်ကပ်ပြီး သူတို့ မိသားစုနာမည် ကောင်း လုပ်တဲ့ဟာတွေက အများကြီး ဖြစ်ခဲ့တယ်။ ပစ္စည်း ဗုံးပေါလအောနဲ့ ရောက်ချင်သလို ရောက်ခဲ့တယ်။ အဲဒါတွေက တော်တော်လေးကို ဆိုးတယ်။ ဒါက တိုင်းပြည်ပုံရိပ်ကို အများကြီး ထိခိုက်တယ်။ ဒါကြောင့် အဲဒါတွေ လုံးဝမဖြစ်ဖို့ နိုင်ငံတကာက ကြပ် မတ်ဖို့လိုတယ်။ အကူအညီတကယ်လိုအပ်တာ မှန်တယ်ဆိုလည်း ဒီအကူအညီက မရောက်သင့်တဲ့လူတွေဆီ ရောက်သွားပြီဆိုလည်း ဒါက တော်တော်လေး အဆင်မပြေဘူး။ နောက်တစ်ချက်က ဒီအကူအညီတွေဟာ အစိုး ရဆီက လာတယ်ဆိုပေမယ့် တကယ်တန်းကျတော့ အဲဒီတိုင်းပြည်မှာရှိတဲ့ လူထုတွေရဲ့ အခွန်နဲ့ ပေးရတဲ့ ငွေတွေပဲ ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူး ဒါကို ပြောတာပဲ ဖြစ်ပါတယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရှင်းပြသည်။
ဓာတ်ပုံ – မင်းအောင်လှိုင်က တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို ယမန်နေ့ သွားတွေ့နေစဉ်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
