36 C
Yangon

ငလျင်ဒဏ်သင့် မန္တလေးမှ စီးပွားရေးသမားနှင့် စက်မှုဇုန်လုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့များကို နေပြည်တော်သို့ ခေါပြီး စစ်ကောင်စီက အတင်းအကျပ် အလှူငွေတောင်း၊ ရန်ကုန်မှ လုပ်ငန်းရှင်များကိုလည်း လေယာဉ်ဖြင့် ခေါ်ယူ ငွေတောင်း

Must read

ငလျင်ဒဏ်သင့် မန္တလေးမှ စီးပွားရေးသမားနှင့် စက်မှုဇုန်လုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့များကို နေပြည်တော်သို့ ခေါပြီး စစ်ကောင်စီက အတင်းအကျပ် အလှူငွေတောင်း၊ ရန်ကုန်မှ လုပ်ငန်းရှင်များကိုလည်း လေယာဉ်ဖြင့် ခေါ်ယူ ငွေတောင်း

ရန်ကုန်၊ ဧပြီ ၁

အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းမှ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် လူမှု ရေးအသင်းအဖွဲ့များ ကို နေပြည်တော်ခေါ်သို့ ငလျင်ဘေးကူညီရေး အတင်း အကျပ် ငွေတောင်းခံနေကြောင်း ငွေကြေးအတောင်းခံနေရသည့် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ယနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် နေပြည်တော်၊ တပေါင်းကွင်း၊ ယာယီခန်းမတွင် အလှူငွေ လက်ခံ ပွဲ ကျင်းပမည်ဖြစ်ပြီး မန္တလေးမှ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရှင်များ အသင်းအဖွဲ့များ တက်ရောက်ရန် စစ်ကောင်စီက ခေါ်ယူထားကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ် ကိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှုများ မြင့်မားခဲ့ကြောင်း၊ ထိုသို့ ကြုံတွေ့နေရချိန် ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လိုအပ်နေသော မြို့များစွာ ရှိနေပြီး ပြည်သူများ အတိ ဒုက္ခရောက်နေရ သော်လည်း စစ်ကောင်စီက ငွေကြေးရရှိရေးကိုသာ ဦးတည် ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

ယင်းသို့ အလှူငွေ တောင်းခံရာတွင် ငလျင်ဒဏ်သင့် မန္တလေးမှ လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ၊ စီးပွားရေး ဆိုင်ရာအသင်းအဖွဲ့များကိုလည်း နေပြည် တော်သို့ ခေါ်ယူထားပြီး အလှူငွေပေးအပ်သည့် အခမ်းအနားသို့ မန္တလေးမှ လူကိုယ်တိုင် မတက်ရောက်နိုင်ပါက ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်တို့က ကိုယ်စားအလှူငွေ လက်ခံပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ထားသည့် ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်မှ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် နေပြည်တော်သို့ ငွေလာပေးရန် စစ်ကောင်စီက လေယာဉ် အသွားအပြန် စီစဉ်ပေးမည်ဖြစ် ကြောင်း သိရှိရသည်။

“ငလျင်ဒဏ်မှာ ပိတ်မိနေတဲ့ ပြည်သူကို တောင် ကယ်မထုတ်နိုင်သေးပါဘူး။ အဲဒါကို ငွေရဖို့ နေပြည်တော်မှာ အခမ်းအနားနဲ့ လေယာဉ်ပျံအကြိုပို့စီစဉ်ပြီး အလှူခံပွဲလုပ်နေပြီ” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တိုင်းမှ စက်မှုဇုန်များကိုလည်း စက်မှုဇုန် တစ်ခုလျှင် ငွေကျပ် သိန်း ၂၀၀ နှုန်းဖြင့် ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထား မဖြစ်မနေ စစ်ကောင်စီထံသို့ ငွေပေးအပ်ရန် စစ်တပ်က ဖိအားပေးလျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article