မင်းတပ်မြို့ပေါ်ကို စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်များ ထိခိုက် ပျက်စီးမှုရှိပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရှိရသည်။
မြို့ပေါ်နေပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။
