28 C
Yangon

တပ်ကုန်းမြို့၊ မကျီးပင်ရွာမှ လူငယ် ၇ ဦးကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်တပ်နှင့်ပျူစောထီးများက နေအိမ်ထဲအထိ အတင်း အဓမ္မ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီး

Must read

တပ်ကုန်းမြို့၊ မကျီးပင်ရွာမှ လူငယ် ၇ ဦးကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်တပ်နှင့်ပျူစောထီးများက နေအိမ်ထဲအထိ အတင်း အဓမ္မ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၅

နေပြည်တော်၊ တပ်ကုန်းမြို့၊ မကျီးပင်ရွာမှ လူငယ် ၇ ဦးကို စစ်မှုထမ်းခိုင်းရန် စစ်တပ်နှင့် ပျူစောထီးများက နေအိမ်ထဲအထိ အတင်း အဓမ္မ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့တွင် တပ်ကုန်းမြို့၊ မကျီးပင်ရွာမှ လူငယ် ၇ ဦးကို အကြမ်းဖက် စစ်တပ်နှင့်အတူ ပျူစောထီး အောင်စိုး၊ ကျောက်ခဲ‌ (ခေါ် ) အောင်မြင့်နှင့် သာဒင် ဦးဆောင်သော အဖွဲ့က စစ်မှုထမ်းခိုင်းရန် နေအိမ်ထဲ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးအဖွဲ့က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် မကျီးပင်ရွာမှ ကိုပြည့်စုံဦး၊ ကိုဝဏ္ဏကျော်နှင့် ကိုသိန်းထိုက်ဦး အပါအဝင် ၇ ဦး ဖမ်းဆီးခံရပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ လက်ရှိချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသော လူငယ် ၇ ဦးသည် ငွေကြေး ဆင်းရဲသော အခြေခံလူတန်းစား မိသားစုမှ လူငယ်များဖြစ်ပြီး ထိုသို့သော ဆင်းရဲ နွမ်းပါးသူများကို ပစ်မှတ်ထား၍ ပျူစောထီးများက ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ် ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“နေပြည်တော်၊ တပ်ကုန်းမြို့၊ မကျီးပင်ကျေးရွာမှာ စစ်မှုထမ်းအတွက် လူငယ် ၇ ဦး မတရားဖမ်းဆီးခံရတယ်။ ပိုက်ဆံ ချမ်းသားပြီး မိသားစု အသိုင်းအဝိုင်းနောက်ခံ ‌တောင့်တင်းတဲ့ သူတွေကို စစ်မှုထမ်းအ‌တွက် ခေါ်ယူခြင်း မလုပ်ရဲကြပါဘူး။ အခုက အဆင်မပြေ ဆင်းရဲပြီး နောက်ခံ မိသားစု အသိုင်းအဝိုင်း မကောင်းတဲ့သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေတာမျိုးပါ။ စစ်မှုထမ်းနဲ့ ပတ်သတ်တဲ့ အရာတွေကို အုပ်ချုပ်ရေးမှုက ကိုယ်တိုင် လုပ်တာမဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှု လက်အောက်မှာရှိတဲ့ ဆယ်အိမ်ခေါင်း ပျူစောထီး အဖွဲ့အစည်းက ပိုက်ဆံရလို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ လုပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦး ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခု ဧပြီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် နိုင်ငံတစ်ဝန်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article