30 C
Yangon

တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁၁ ကပစ စက်ရုံကို တာဝေးပစ်မစ်ဇိုင်းဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

Must read

တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁၁ ကပစ စက်ရုံကို တာဝေးပစ်မစ်ဇိုင်းဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၁၁)ကို တာဝေးပစ်မစ်ဇိုင်းဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ကစပ ၁၁ ကို မြို့ပြ အထူး စစ်ဆင်ရေးအဖြစ် တာဝေးပစ် မစ်ဇိုင်းဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီအတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် အစိတ်အပိုင်းများကို ကပစ ၁၁ မှတစ်ဆင့် ထောက်ပံ့ပို့နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်.

“ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုတော့ မသိရသေးဘူး” ဟု Urban Special Operation (U.S.O) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းစစ်ဆင်ရေးတွင် Shadow(S.A.F) က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ၏ စီးပွားရေးပိုင်ဆိုင်မှုများ အပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ည ၉ နာရီ ၅၀ မိနစ်အချိန် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့၏ ကင်း ထောက်အဖွဲ့များက ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article