TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ ၊ပင့်ကူတောင်ခြေရှိ ကျောက်တွင်း လုပ်ကွက်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်း လုပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်း လုပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်ချိန်သည် ကျောက်တွင်း လုပ်သားများရှိနေချိန် ဖြစ်၍ ထိခိုက်မှုရှိနိုင်ပြီး အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မိုးကုတ်မြို့မှာ TNLA က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရှိရသည်။
“မိုးကုတ် ပင့်ကူတောင်ခြေ တွင်းလုပ်ကွက်တွေ အပေါ် ဒီနေ့ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြောင်း ဗုံး ၂ လုံး လာကျဲချ သွားတယ်။ တွင်းလုပ်သားတွေ အလုပ်လုပ်ချိန်ဆိုတော့ အထိအခိုက်ရှိနိုင်တယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှစ၍ ၂၂ ရက်နေ့ထိ အပစ်အခတ် ရပ်စဲကြောင်း ကြောညာထားသော်လည်း မြန်မာနိုင်ငံအနှံ့ကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်လျက်ရှိသည်။
