34 C
Yangon

မုဒုံမြို့ အဝင်တွင် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများကို ငွေခြိမ်းခြောက်တောင်းနေပြီး လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေ

Must read

မုဒုံမြို့ အဝင်တွင် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများကို ငွေခြိမ်းခြောက်တောင်းနေပြီး လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေ

ရန်ကုန်၊ ဧပြီ ၆

မွန်ပြည်နယ်၊ မုဒုံမြို့ အဝင်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ တစ်ဦးလျှင် ငွေကျပ် ၁ သောင်း အတင်း အဓမ္မ ကောက်ခံပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့အချိန် မုဒုံမြို့ အဝင်တိုးဂိတ်၌ အကြမ်းဖက် စစ်တပ်နှင့် နိုင်းပြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်မြင့်သန်း ဦးဆောင်သော ပျူစောထီးများက ခရီးသည်တင်ကားများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ဆိုင်ကယ် ၁ စီးလျှင် ငွေကျပ် ၁ သိန်းနှုန်းနှင့် ခရီးသည်တင်ကားများတွင် လိုက်ပါလာသော ပြည်သူတစ်ဦးလျှင် ငွေကျပ် ၁ သောင်းနှုန်း အတင်းအဓမ္မ တောင်းခံပြီး လူငယ်များ ဖြတ်သန်းသွားလာပါက ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မုဒုံ မြို့ အဝင်တိုးဂိတ်မှာ စစ်ခွေးတွေနဲ့ အောင်မြင့်သန်း တို့ ဦးဆောင်ပြီး စစ်ဆေးရေးလုပ်ပါတယ်။ သူတို့ စစ်ဆေးနေတုန်း ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်တိုင်းကို အကြောင်းမဲ့ ဖမ်းဆီး ၁ စီးကို ၁ သိန်းတောင်းပါတယ်။ မပေးရင် ဆိုင်ကယ်သိမ်းပါတယ်။ နောက်ပြီး ခရီးသည် တင်ကားပေါ်မှာပါတဲ့ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြဖမ်းပြီး ၁ ဦးကို ငွေကျပ် ၁ သောင်းနှုန်း တောင်းပါတယ်။ လူငယ်တွေဆိုရင်လည်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အောင်မြင့်သန်းသည် နိုင်းပြိုင်ကျေးရွာ အတွင်းရှိ လူငယ်များနှင့် မြို့ပေါ်နေ လူငယ်များကို WY ဆေးပြား ပစ်ဖမ်းခြင်း အပါအဝင် အကြောင်း အမျိုးမျိုးပြ၍ ဖမ်းဆီးကာ လူစားထိုး စစ်မှုထမ်းရန် ရောင်းစားချင်းများ ကျူးလွန်နေသူဖြစ်ကြောင်း၊ ထို့ပြင် စက်ရုံ၊ အလုပ်ရုံ ၊ တည်ခိုခန်း နှင့် KTV များကိုလည်း အကြောင်းအမျိုးမျိုးပြ ဝင်ရောက် စစ်ဆေးကာ အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article