စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး
ပဲခူးတိုင်း၊ တောင်ငူခရိုင် စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့တွင် စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သောကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များ၏ 5 kg ဒရုန်း ၁ စီး ပျက်စီးခဲ့ပြီး အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။
” ၆ ရက်နေ့က တိုက်ပွဲဖြစ်တာ တောင်ငူခရိုင်ထဲမှာပါ။ ဝရဇိန်တပ်ဖွဲ့က 5 kg Drone တစ်စီးတော့ ပျက်ကျသွားပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း မှာပါ ဖြစ်တာ စစ်ခွေးတွေက စစ်ကြောင်းထိုးလာတော့ တိုက်ပွဲဖြစ်တာ စစ်ခွေး ၈ ကောင်သေပြီး ၅ ကောင် ဆန့်ငင်ဆန့်ငင်နဲ့ ပြန်သယ်သွားတယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဝရဇိန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
