28 C
Yangon

ကော့သောင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

Must read

ကော့သောင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ ဧပြီ ၇

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် ဖမ်းဆီးခံရသော ကိုမင်းမင်း (အမည်လွှဲ) သည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော ကိုမင်းမင်းသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရနောင်းမြို့မှ ကော့သောင်းသို့ လွှဲပြောင်းစဉ် စစ်မှုထမ်း တပ်သားအသစ်အဖြစ် ဖမ်းဆီးခံရပြီး ကော့သောင်းမြို့နယ်ရှိ ၄၃၁ တပ်ရင်း ကို ပို့ဆောင်ခံရသူဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အလင်းဝင်လာသော ကိုမင်းမင်းကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။

“သူက လက်နက်တော့ ဘာမှ ပါမလာပါဘူး။ မနက်တန်းစီနေတုန်း ထွက်ပြေးလာတာလို့ သိရပါတယ်။ ထိုင်းကို ပြန်ပို့ခံရသူ အကုန်လုံးကို စစ်ခွေးတွေက စစ်မှုထမ်းအဖြစ် တပ်သားသစ် စုဆောင်းတာလို့ သိရတယ်။ ကျွန်တော်တို့ဆီ ဆက်သွယ်လာတာကတော့သူ ၁ ရောက်တည်းပဲ အားလုံးပေါင်း ထွက်ပြေးလာတာ ၅ ယောက်လို့သိရပါတယ်။ ၄ ယောက်က စစ်ခွေး ပြန်မိသွားလို့ ရိုက်နှက်ခေါ်သွားတာလို့ မြို့ခံတွေဆီက သိရတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article