30 C
Yangon

အင်းတော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

Must read

အင်းတော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက် တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“သတင်းက ဒီနေ့မနက်လောက်မှအတည်ပြု ထုတ်ပြန်ဖို့နဲ့ ဖြန့်ဖို့ပါ။ ဒါပေမယ့် မြေပြင်က သတင်းက ထိန်းမနိုင်တော့လို့ သတင်းပေါက်သွားတာ။ စစ်ကောင်စီကတော့ တစ်နေကုန် လေယဉ်တွေနဲ့ ဗုံးတွေ တောက်လျှောက် လာကျဲနေတာ။ ဗုံးကျဲတာ စုစုပေါင်း ၅၉ ကြိမ်လောက်ရှိတယ်” ဟု KIA ရှေ့တန်းသတင်းရင်း မြစ်က ပြောဆိုသည်။

အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်လုပ်ကာ ခုခံခဲ့ကြောင်း၊ အင်းတော်မြို့ရှိ အကြမ်း ဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၇ လကျော်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိကာ အင်းတော်တစ်မြို့နယ်လုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အင်းတော်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်။ စစ်ကူစစ်ကြောင်းတွေကိုလည်း အကြိမ်ကြိမ် ကြားဖြတ် တိုက် ခိုက်ခဲ့တယ်။ ကိုယ့်ဘက်ကလည်း ထိခိုက် ဆုံးရှုံးမှုတွေရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article