Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကို “မန္တလေးငလျင်ကြီး” လို့ခေါ်ဝေါ်ဖို့ စစ်ကောင်စီက အမည်သတ်မှတ်ကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း က ထုတ်ပြန်ပြောဆိုလာပါတယ်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစက ၁၁) ကို ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိကြောင်း Urban Special Operation (U.S.O) မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာနှင့်ပေါက်မြို့အကြား ထွန်းသစ္စာဆီဆိုင်အနီး ကပစ ၂၄ မှ စစ်တပ်စစ်ကြောင်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းမှူး နှင့် တပ်ခွဲမှူးတို့ အပါအဝင် ၇ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
