25 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်တိုက်ပွဲတွင် မိုးကုတ်ပကဖမှ တော်လှန်ရေးရဲဘော် ၂ ဦး လေယာဉ်ဗုံးထိမှန် ကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်တိုက်ပွဲတွင် မိုးကုတ်ပကဖမှ တော်လှန်ရေးရဲဘော် ၂ ဦး လေယာဉ်ဗုံးထိမှန် ကျဆုံးကြောင်း ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ ဖြစ်ပွားခဲ့သော သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်တိုက်ပွဲတွင် မိုးကုတ်မြို့နယ်မှ ပကဖ ရဲဘော် ၂ ဦးမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရကြောင်း၊ ကျဆုံးခဲ့ရသည့် ရဲဘော် ၂ ဦးမှာ အသက် ၃၁ နှစ်အရွယ် ရဲဘော် ဖြိုးသက်ပိုင် (ခ)ပိုင်ကြီး နှင့် အသက် ၂၈ နှစ်အရွယ် အောင်ပြည့်စုံ (ခ) ရဲဘော် စွယ်စုံ တို့ဖြစ်ပြီး အခြား ရဲဘော် ၂ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ လေယာဉ်နဲ့ ကျဲတဲ့ချိန်မှာ ကျနော် ရဲဘော်နှစ်ဦးက ဗုံးစမှန်ပြီး ကတုတ်ကျင်းထဲမှာ Dead Body ပြန်မကောက်နိုင်အောင်ဖြစ်သွားတယ် ၊ ကျနော်တို့လည်း ပြန်ဆုတ်ခဲ့ရတယ် “ ဟု ရှေ့တန်း တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပြသည် ။

လက်ရှိအချိန်အထိ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား နေ့စဉ်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရသည်။

“ စကစတွေက မနက်ဆို ၄၀ မမ တစ်လုံးဒါမှမဟုတ် မီးလောင်ဗုံးတွေ လာလာပစ်တယ် ၊ ညဆို မူးရူးပြီး အော် ဟစ် သောင်းကျန်းနေတာ ၊ အလင်းဝင်တဲ့ စကစတွေလည်းရှိတယ် ၊ သူတို့ပြောတာတော့ စကစဘက်မှာ သေဆုံးတာတွေ များတယ်လို့ပြောတယ် “ ဟု အဆိုပါတော်လှန်ရေးရဲဘော်က ဆက်လက်ပြောဆိုသည်။

သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် တိုက်ပွဲတွင် TNLA ၊ မိုးကုတ်ဗျူဟာ MDY PDF နှင့်အတူ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။

မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးပကဖသည် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ အစပြု၍ ယခုလက်ရှိ ၇ မိုင်တိုက်ပွဲအထိ ပူးပေါင်းဆောင်ရွက်မှုများအတွင်း ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ ပူပေါင်းတိုက်ပွဲဝင်နေသည့် အဖွဲ့တစ်ခုဖြစ် ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article