ရန်ကုန်၊ ဧပြီ ၉
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် KIO နှင့် PSLF/TNLA တို့အကြား နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ညှိုနှိုင်းဆွေးနွေးမှု စတင်နေပြီ ဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဗိုလ်ဂွန်မော်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။
ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် “မေတ္တာ ရပ်ခံခြင်း” ခေါင်း စဉ်ဖြင့် အသိ ပေးထားခြင်းဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူများနှင့် မီဒီယာများအနေဖြင့် အပြုသ ဘောဆောင်သော ကူညီမှုများပံ့ပိုးပေးကြပါရန် ၎င်းက မေတ္တာရပ်ခံထားသည်။
KIO နှင့် PSLF/TNLA နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း၊ သက်ဆိုင် ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန်နှင့် အွန်လိုင်း သုံးစွဲသူများ ၊ မီဒီယာ များ၊ အကြံပေးထောက်ပြလိုသူများ ထံမှလည်း အပြုသဘောဆောင်သော ကူညီ ပံ့ပိုးမှုများကို မျှော် လင့်ပါကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ မန်တုံ၊ နမ့်ခမ်း၊ မိုးမိတ်စသည့်မြို့နယ်တို့တွင် KIO/KIA နှင့် PSLF/TNLA တို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့ရာ အောက်ခြေတပ်ဖွဲ့ဝင်အချင်းချင်း ထိုးကြိတ်ရိုက်နှက်မှုဖြစ်သည်အထိ တဖြည်း ဖြည်း ပြင်းထန်လာခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
