ရန်ကုန်၊ ဧပြီ ၁၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ် ကျေးရွာနှင့် ထီးသဲကရူကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဘလယ်ဝေါ် ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် စောပါနာမူး နှင့် စောဒေးစိတို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကာ ထီးသဲကရူကျေးရွာမှ နေအိမ် ၁ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူသောမြို့နယ်၊ လယ်မူပလောအုပ်စုမှ ကျေးရွာနေ ပြည်သူများသည် ကြောက်ရွံ့မှုဖြင့် နေထိုင်နေရကြောင်း KNU ဗဟိုကပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




