ဒီကနေ့ ဧပြီ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်းက အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက အရှင်ဖမ်း ဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး ဆိုသူဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာပဲ အမှတ် ၁ စစ်ဗျူဟာမှူး အဖြစ် ရန်ကုန်က ပြည်သူ တွေကို ပစ်ခတ်သတ်ဖြတ်မှုမှာ အဓိက ဦးဆောင်သူဖြစ်တယ်လို့ သူ့ရဲ့အကြောင်းကို သေချာသိတဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
- မကွေးတိုင်းမှာ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်အရာရှိကြီးတစ်ဦးရဲ့ သားဖြစ်သူကို စစ်မှု ထမ်းခိုင်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးမိတဲ့ နတ်ရေကန် နဲ့ ရွာသစ်ကလေး ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦး ထွက်ပြေးနေရတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်းမှာ ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့မနက်ပိုင်းမှာပဲ သာစည်မြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်သွားပြန်တဲ့အတွက် မိတ္တီလာ၊ ဝမ်းတွင်းနဲ့ မြစ်သား အပါ အဝင် နေရာအများစုက ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
