29 C
Yangon

ရေတာရှည်၊ ပိတောက်ကုန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

Must read

ရေတာရှည်၊ ပိတောက်ကုန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသား ၁ သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ K-8 Jet Fighter လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပိတောက်ကုန်းကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုဝေဠု သေဆုံးခဲ့ပြီး အသက် ၆၀ နှစ် အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” မအလက အပစ်အခတ် ရပ်စဲထားတယ်လို့ ကြေညာ ထားသော်လည်း ရေတာရှည်မြို့နယ် ပိတောက်ကုန်းရွာ နဲ့ ရေငံလမ်းဘေးကို ဒီနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်က လေယာဥ်နဲ့ ဗုံးကျဲသွားတာ ​အမျိုးသား တစ်ဦး သေဆုံးတယ်။ အမျိုးသမီး တစ်ဦး ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article