ဖားကန့်မြို့တွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်နှင့် တော်လှန်သင်္ကြန်ပြုလုပ်
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်သူများက အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်နှင့် တော်လှန်သင်္ကြန်ကို ဧပြီ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
ဖားကန့်ပြည်သူများက တစ်နိုင်ငံလုံးရှိ ပြည်သူများကို ဗုံးကျဲ၊ မီးရှို့၊ မုဒိမ်းကျင့် သတ်ဖြတ်နေသောအကြမ်းဖက် စစ်ကောင်စီ ကျင်းပသော သင်္ကြန်တွင်ပါဝင်မှု မရှိရန် ၊ ပြည်သူများအားလုံး တော်လှန်သင်္ကြန် ဆင်နွဲကြရန် ၊ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကြရန် ၊နွေဦးတော်လှန်ရေး ပြီးသည်အထိ ပြည်သူအားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ကာ တော်လှန်သင်္ကြန် သံချပ်များဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။


