30 C
Yangon

ပခုက္ကူမြို့နယ်၊ စိုတွင်းကျေးရွာကို စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ကာ စစ်မှုထမ်းခိုင်းရန် လူငယ် ၃၀ ခန့်ကို ဖမ်းဆီး

Must read

ပခုက္ကူမြို့နယ်၊ စိုတွင်းကျေးရွာကို စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ကာ စစ်မှုထမ်းခိုင်းရန် လူငယ် ၃၀ ခန့်ကို ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စိုတွင်းကျေးရွာကို စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ကာ စစ်မှုထမ်းခိုင်းရန် လူငယ် ၃၀ ခန့်ကို ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ဆွေမျိုးမိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဧပြီလ ၁၁ ရက်နေ့ ည‌နေ ၃ နာရီခန့်အချိန် ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့အနီးရှိ စိုတွင်းကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ဝင်ရောက်ကာ ကျေးရွာနေ အသက် ၁၈ နှစ် ပြည့်ပြီးသူ လူငယ် ၃၀ ခန့်ကို တစ်အိမ်တစ်တက်ဆင်းရှာဖွေကာ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း၊ အချို့မှာ ကျေးရွာအတွင်း ပြန်ဝင်ရဲခြင်းမရှိသေးပဲ တိမ်းရှောင်နေရဆဲဖြစ် ကြောင်း သိရ သည်။

“စိုတွင်းရွာက မနေ့က ဝင်မွှေတာ၊ သူတို့က ရွာကို ပတ်ပတ်လည် ဝိုင်းထားပြီး ရှာတာ၊ အပြာဝတ် တွေနဲ့၊ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့လူငယ်တွေ တစ်အိမ်တစ်ယောက် ဆွဲခေါ်သွားတာ။ အိမ် ထဲအထိ ဝင်ရှာတယ်။ တစ်ချို့ထွက်ပြေးနိုင်တဲ့သူပဲ လွတ်တာ၊ အိမ်ထဲမှာ တွေ့တဲ့ လူငယ်တွေကို သစ်ပင်တစ် ပင်အောက်မှာ စုထားပြီးမှ ခေါ်သွားတာ။ စစ်မှုထမ်းဖို့ လူလိုလို့တဲ့” ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ကာ လူငယ်များဖမ်းဆီးခံရသည့် စိုတွင်းကျေးရွာသည် ပခုက္ကူမြို့အနီးတွင်တည်ရှိပြီး ထွက်ပြေးနေကြရသည့်ပြည်သူများမှာ ယနေ့အထိ ပြန်လည် ဝင်ရောက်ရဲခြင်းမရှိသေးကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ယခုသင်္ကြန်ကာလအပြီး ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို ဆင့်ခေါ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ၂၀၂၁ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး ကျောင်းသားနှင့် ဒေသခံများ ၅၀ နီပါးကို ရိုက်နှက်ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article