26 C
Yangon

ဆန့်ကျင်တိုက်ခိုက်သူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တွေ့ဆုံ တိုက်တွန်း၊ မင်းအောင်လှိုင်က သက်ဆင်၏ အကြံပြုချက်ကို နားထောင်လက်ခံဟုဆို

Must read

ဆန့်ကျင်တိုက်ခိုက်သူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တွေ့ဆုံ တိုက်တွန်း၊ မင်းအောင်လှိုင်က သက်ဆင်၏ အကြံပြုချက်ကို နားထောင်လက်ခံဟုဆို

ရန်ကုန်၊ ဧပြီ ၁၃

မြန်မာနိုင်ငံရှိ ဆန့်ကျင်တိုက်ခိုက်နေသူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တွေ့ဆုံ တိုက်တွန်းခဲ့ကြောင်း ထိုင်း The Nation သတင်းဌာနက သတင်းဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ယခုဧပြီလအစောပိုင်း ဘန်ကောက်တွင် ပြုလုပ်သည့် BIMSTEC ထိပ်သီးအစည်းအဝေး လာတက်သည့် မင်းအောင်လှိုင်ကို သီးသန့်တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံစဉ် မင်းအောင်လှိုင်ကို ဆန့်ကျင်တိုက်ခိုက်နေသော တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် သက်ဆင်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

” မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ကျနော် မြင်ချင်တာကြောင့် သူနဲ့ စကားပြောခဲ့ပါတယ်။ ကျနော်အနေနဲ့ နိုင်ငံကြီးတွေကို ပြောလေ့ရှိတာက ထိုင်းအနေနဲ့က မြန်မာပြည်မှာ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးသော နည်းလမ်းနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားစေဖို့ လိုလားတယ်ဆိုတာပါပဲ” ဟု သက်ဆင်က ဆိုသည်။

စစ်ကောင်စီနှင့် တိုက်ရိုက်စကားပြောဆိုခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို ရှာဖွေရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြားတွင် ကြားဝင်ဖျန်ဖြေသူအဖြစ် လုပ်ဆောင်ရန် အသင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မင်းအောင်လှိုင်က သူ၏ အကြံပြုချက်များကို နားထောင်လက်ခံခဲ့ကြောင်း သက်ဆင်က ဆက်လက်ပြောသည်။

“သူက ကျနော်ရဲ့ အကြံဉာဏ်ကို နားထောင်လက်ခံပါတယ်။ ကျနော်အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မစခင် အကြိမ်ပေါင်းများစွာ သူနဲ့ စကားပြောဖို့ လိုအပ်ပါတယ်” ဟု သက်ဆင်က ပြောဆိုသည်။

သက်ဆင်က မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲအကြောင်းကို မဆွေးနွေးခဲ့ဘဲ ရှောင်ကြည်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် ငြိမ်းချမ်းရေး စားပွဲ၀ိုင်းတွင် ဆွေးနွေးရန် ဆိုသည့် အာဆီယံ၏ ရပ်တည်ချက်ကို သက်ဆင်က အသိအမှတ်ပြုထားကြောင်း သတင်းဖော်ပြချက်အရ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးနေပြီး လက်ရှိ မြို့ပေါင်း ၁၀၀ နီးပါးကို လက်လွှတ်ဆုံးရှုံးထားကာ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးပမ်းလျက်ရှိနေသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article