ရန်ကုန်မြို့တွင် “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” ဆိုင်းဘုတ်ထောင်၍ တော်လှန်သင်္ကြန်လှုပ်ရှား
ရန်ကုန်မြို့တွင် “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” ဆိုင်းဘုတ်ထောင်၍ တော်လှန်သင်္ကြန်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို တော်လှန်ကျောင်းသားတွေက လူစည်ကားသော ကန်တော်ကြီးတွင် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် တော်လှန်သင်္ကြန်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ “ပြည်သူမှ ပြည်သူသို့ စာနာထောက်ထားရင်း လာမယ့် မဟာသင်္ကြန်ပွဲတော်ရက်များ အတွင်းမှာ အသက်ဆုံးရှုံးသွားတဲ့ ပြည်သူများကို လွမ်းဆွတ်တမ်းတမှုမည်တဲ့ တိတ် တဆိတ် သင်္ကြန်နေ့ရက်များကို ကျနော်တို့အတူ ဖြတ်သန်းကြရပါမယ်” ဟု တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုက ပြောဆိုထားသည်။
ငလျင်ဘေးကြောင့် ပြည်သူများ ဒုက္ခမျက်ရည်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက လျစ်လျူရှူပြီး သင်္ကြန်အတွင်း စာနာမှုကင်းစွာ မဏ္ဍပ်များ ဆက် လက်ဆောက်လုပ်နေခြင်းသည် ပြည်သူများကို မျက်နှာပြောင် တိုက်လွန်းသော လုပ်ရပ်ဖြစ်ကြောင်း တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုက ဆို သည်။


