ရန်ကုန်၊ ဧပြီ ၁၄
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၁၂ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန် ရေစကြိုမြို့၊ အမှတ် ၈ သုခဝတီရပ်ကွက် ၊ ကပ်ကျော်ဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်များက ပြောက်ကျားနည်းစနစ် အသုံးပြု၍ အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ဒဏ်ရာရရှိထားသော စကစတပ်သားများ ရေစကြိုမြို့ပြည်သူ့ဆေးရုံတွင် ဆေး ကုသနေကြောင်း သိရသည်။
“မြို့ပေါ်က စခတွေပဲ ၃ ဘက် ၃ တန်ကနေ ပိတ်ထားတာ၊ ရဲဘော်တွေက ပိတ်မိသလိုဖြစ်သွားတာ ပေါ့ ၊ အဲဒီမှာ တိုက်ပွဲကနည်းနည်း ၁ နာရီလောက်အထိ ထပ်ကြာသွားတာ။ နောက်ဆုံးတော့ ကျနော် တို့ရဲဘော်တွေ ပြန်ထွက်လာနိုင်ခဲ့ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
Myingyan Black Tiger – MBTတပ်ဖွဲ့မှ ရဲဘော်များက ပြန်လည်ဆုတ်ခွာစဉ် အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁ နာရီခန့်အကြာ ထပ်မံဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
